တားမြစ်ပစ္စည်းများ
ကန့်သတ်ထားသော၊ တားမြစ်ပစ္စည်းများနှင့် ပတ်သက်ပြီး အသိပေးတားမြစ်ချက်။ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုများ၊ တားမြစ်ကန့်သတ်ခြင်းများ မဖြစ်စေရန်အတွက် စည်းကမ်းချက်များကို အသေးစိတ်ဖက်ရှု့ပေးပါရန်။ တားမြစ်ထားသောကုန်ပစ္စည်းများကို လုံးဝလုံး၀ လက်မခံပါ။ တားမြစ်ပစ္စည်းများ ထည့်သွင်းပို့ဆောင်မိ၍ လေဆိပ်/ အကောက်ခွန်မှ ရှာဖွေတွေ့ရှိပါက သိမ်းဆည်းမည့်အပြင် ဒဏ်ရိုက်ခံရနိုင်ပါတယ်။
ကန့်သတ်ပစ္စည်းများ၊ အဖိုးတန် လက်ဝတ်ရတနာများ သိုဝှက်၍ဖြစ်စေ၊ အခြားပစ္စည်းများနှင့်ရောနှော၍ဖြစ်စေ ထည့်၍ ပြသာနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ နိုင်ငံ၏ဥပဒေများအရ အရေးယူခံရခြင်း၊ ဒဏ်ငွေဆောင်ခြင်းများကို Customer ဘက်မှ အပြည့်အဝတာဝန်ယူရမည်ဖြစ်သည်။ ထိုသို့ကြုံရပါက Khint Power ဘက်မှ ပစ္စည်းတန်ဖိုးနှင့် Kilo ပို့ဆောင်ခကို ပြန်လျှော်ပေးမည်မဟုတ်ပါ။
ဒဏ်ကြေးကိုလည်း တားမြစ်ပစ္စည်းထည့်ပို့သည့် ပို့ဆောင်သူ(Customer)ဘက်ကသာ ပေးဆောင်ရမှာဖြစ်ပါသည်။ အာမခံ မဝယ်ယူထားသော ကုန်ပစ္စည်းများအား ကုန်ပစ္စည်း ပျောက်ဆုံး၊ ပျက်ဆီးမှု တာဝန်မယူပါ။ ပြသာနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက သတ်မှတ်ထားသော စည်းမျည်းစည်းကမ်းများနှင့်အညီ Khint Power International Logistics ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း သဘောတူလက်ခံရပါမည်။
📅 July 26, 2024
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေထိုင်နေသူတွေအတွက် နေရပ်ဌာနေမြန်မာပြည်ကို လွမ်းလာတဲ့အခါဖြစ်စေ..
မွေးရပ်မြေမှ အရေးတကြီးမှာယူစရာရှိတဲ့ အကြောင်းကိစ္စရပ်တွေပေါ်လာလို့ဖြစ်စေ..
စိတ်ချယုံကြည်အားကိုးရတဲ့ Service Express ကိုရှာနေပြီဆို ကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်ရောက်
အရောက်ပို့ဆောင်ပေးမယ့် Khint Power ( ခင့်စွမ်းအား ) ရှိနေပါပြီ..Khint ရဲ့ Website Link လေးတစ်ချက်ကလစ်လိုက်တာနဲ့ ကမ္ဘာအရပ်ရပ်ပို့ဆောင်ပေးနေတဲ့ ကီလိုဈေးနှုန်းလေးတွေ သိရှိနိုင်ပြီး ငွေကြေးပေးချေမှုကို Customer Service သို့တိုက်ရိုက်ပေးချေဆက်သွယ်နိုင်ပြီလေ..
ကဲ..ဘာပဲပို့ခိုင်းချင် ပို့ခိုင်းချင် link လေးထဲဝင် ကလစ်တစ်ချက်ပဲလိုတယ်နော်..
📅 July 14, 2024
အာရှတိုက်တစ်လွှားကို Khint Power နဲ့အတူ ပျံသန်းပို့ဆောင်လိုက်ပါ
ချစ်ခင်ရတဲ့သူဆီတွေ၊ မြတ်နိုးတန်းဖိုးထားရတဲ့သူတွေဆီ၊အချိန်တိုင်းသတိတရနဲ့ လွမ်းမောတမ်းတနေရတဲ့သူတွေဆီ လက်ဆောင်ပစ္စည်း ပို့ဆောင်ပေးခြင်းဟာ ချစ်ခြင်းမေတ္တာတစ်ခုပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ ထုံမွှန်းနေတဲ့ လက်ဆောင်ပစ္စည်း၊ ကုန်ပစ္စည်းလေးတွေကို အထိအခိုက်အပွန်းအပဲ့မရှိပဲ အာရှတိုက်တစ်လွှားကနိုင်ငံအသီးသီးဆီ ပို့ဆောင်ခြင်ကြတဲ့ မိတ်ဆွေလေးတို့အတွက် ဈေးနှုန်းတန်တန်၊ အချိန်မှန်မှန်၊ မြန်မြန်ဆန်ဆန်နဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်နေတဲ့ ယုံကြည်စိတ်ချမှုအပြည့်အဝပေးနိုင်တဲ့ Khint Power International Logistics ရှိနေပါပြီ
📅 July 10, 2024
အဝေးကနေ မေမေ့အိမ်ချက်လက်ရာကို လွမ်းနေကြပြီလား ??
ဒါဆိုရင်တော့ မေမေ့လက်လေးနဲ့ချက်ထားတဲ့ ငယ်ကအငွေ့အသက်များပါဝင်တဲ့ အိမ်ချက်လက်ရာများကို Khint Power Logistics မှ နိုင်ငံတကာကို ပို့ဆောင်ပေးနေပြီမို့ ယခုဘဲ Khint နှင့်အတူ ပို့ဆောင်လိုက်ပါ။
📅 July 7, 2024